ရုရှားပြည်တွင်း၌ တောမီးများ ပိုမိုပြင်းထန်နိုင်ဖွယ်ရာရှိဟု ပူတင် သတိပေး

(GMT+08:00)2022-08-25 18:20:00  

မျက်မှောက်အချိန်တွင် တောမီး အခြေအနေ ရှုပ်ထွေးနေပြီး ကျယ်ပြန့်သွားရန် အလားအလာရှိကြောင်း ရုရှားသမ္မတပူတင်က သြဂုတ်လ ၂၄ ရက်နေ့က သတိပေးခဲ့သည်။

ရုရှားနိုင်ငံ ရီိအာဇန်ပြည်နယ်၌ သြဂုတ်လ အစောပိုင်းကစပြီး တောမီးလောင်မှု ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ၂၂ ရက်နေ့က မီးလောင်မှု ပြင်းထန်လာသဖြင့် အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီးနောက် နေရာအချို့တွင် နေထိုင်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ပေးခဲ့သည်။ လေပြင်းတိုက်ခတ်မှုကြောင့် တောမီးများ ဆက်လက် ပျံ့နှံ့ခဲ့သည်။

       သြဂုတ်လ ၂၄ ရက်နေ့က ရုရှားအာကာသယာဉ်မှူး အာတယ်မီယက်ဗ်သည် နိုင်ငံတကာ အာကာသစခန်းမှနေ ရိုက်ထားသော ရုရှားတောမီးဓာတ်ပုံအရ ရုရှားအလယ်ပိုင်းဒေသ၌ တောမီးလောင်မှု ၁၀ ခုကျော် ဖြစ်ပွားခဲ့သည်။