နာဂျစ်သည် မလေးရှားနိုင်ငံ၏ ပထမဆုံး ထောင်ဒဏ် ကျခံရသော ၀န်ကြီးချုပ်ဟောင်း ဖြစ်

(GMT+08:00)2022-08-25 18:18:41  

 မလေးရှား ပြည်ထောင်စုတရားရုံးသည် သြဂုတ်လ ၂၃ရက်နေ့က ဝန်ကြီးချုပ်ဟောင်း နာဂျစ်အား လာဘ်စားမှုဆိုင်ရာ ပြစ်မှုများအတွက် ထောင်ဒဏ် ၁၂နှစ်နှင့် ဒဏ်ငွေ ရင်းဂစ် သန်း၂၁၀ စီရင်ချမှတ်ခဲ့ပါသည်။

အဆိုပါစီရင်ချက်ကြောင့် နာဂျစ်သည် မလေးရှားနိုင်ငံ၏ ပထမဆုံးသော ထောင်ဒဏ် ကျခံရသော ဝန်ကြီးချုပ်ဟောင်း ဖြစ်လာခဲ့သည်။ နာဂျစ်သည် ၂၀၀၉ခုနှစ်တွင် မလေးရှား ၀န်ကြီးချုပ်အဖြစ် စတင်ထမ်းဆောင်ခဲ့ပြီး ၂၀၁၈ခုနှစ် မေလတွင် ရာထူး သက်တမ်း ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။