ပါကစ္စတန်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုကြောင့် လူ ၉၀၃ ဦး သေဆုံး

(GMT+08:00)2022-08-25 18:27:37  

ပါကစ္စတန် စင်တာဟ် ပြည်နယ်ရှိ နေရာ ၃၀၌ ရေမြုပ်နေပြီး ဟင်ဒူမြစ် ရေလျှံမှုကြောင့် လူ ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားနိုင်ကြောင်း ပါကစ္စတန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး ရှယ်လီ လေမန်က ၂၄ ရက်နေ့က သတိပေး ပြောကြားခဲ့ပါသည်။

မုတ်သုံရာသီ ကျရောက်သည့် အချိန်မှစ၍ ပါကစ္စတန် တစ်နိုင်ငံလုံးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုကြောင့် လူ ၉၀၃ ဦး သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားပြီဖြစ်ကြောင်း ရှယ်လီ လေမန်က ၄င်း၏ ဆိုရှယ်မီဒီယာတွင် ရေးသားဖော်ပြပါသည်။