အမေရိကန်နှင့် ဗြိတိန်တို့သည် ယူကရိန်းအား စစ်ရေး ကူညီထောက်ပံ့မှုများ ထပ်မံ ပေးအပ်မည်

(GMT+08:00)2022-08-25 18:11:30  

ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၂.၉၈ ဘီလီယံတန်ဖိုးရှိ စစ်ရေးကူညီထောက်ပံ့မှုများကို ထပ်မံပေးအပ်မည်ဟု ဒေသစံတော်ချိန် သြဂုတ်လ ၂၄ရက်နေ့တွင် အမေရိကန် အိမ်ဖြူတော်က ကြေညာခဲ့ပါသည်။

သို့သော်လည်း အချို့သော စက်ပစ္စည်းကိရိယာများသည် ဖေါ်ထုတ်နေဆဲဖြစ်သောကြောင့် ယင်း စစ်လက်နက်ပစ္စည်းများကို လာမည့်လအနည်းငယ် သို့မဟုတ် နှစ်အနည်းငယ် အတွင်း ယူကရိန်းစစ်တပ်ထံ ပေးပို့နိုင်ဦးမည် မဟုတ်ကြောင်း အမေရိကန်မီဒီယာအချို့က ဖော်ပြခဲ့သည်။

ထိုနေ့တွင်ပင် ရာထူးမှ နုတ်ထွက်သွားမည့် ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်သည် ယူကရိန်းသို့ အလည်ပတ်သွားရောက်ခဲ့ပြီး ယူကရိန်းသမ္မတ ဇယ်လန်စကီးနှင့်တွေ့ဆုံရာတွင် ယူကရိန်းအတွက် ခေတ်မီဒရုန်းအစင်း ၂၀၀၀ အပါအဝင် ပေါင် ၅၄ သန်း (ဒေါ်လာ ၆၃.၅ သန်း)တန်ဖိုးရှိ စစ်ရေးထောက်ပံ့မှု အစီအစဉ်ကို ကြေညာခဲ့ပါသည်။