တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်များသည် အလုပ်အကိုင်နေရာချထားရေး မူဝါဒဆိုင်ရာ အဆိုပြုချက်များ တင်ပြ

(GMT+08:00)2022-08-25 16:55:52  

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ အမြဲတမ်းကော်မတီ ၂၃ ကြိမ်မြောက်အစည်းအဝေး၏ မျက်နှာစုံညီ အစည်းအဝေးကို သြဂုတ်လ ၂၃ ရက်နေ့က ကျင်းပခဲ့ရာ အမြဲတမ်းကော်မတီဝင် ၁၁ ဦးတို့သည် အလုပ်အကိုင်နေရာချထားမှု ဦးစားပေးရေးမူဝါဒ ဖေါ်ဆောင်ရေးကို ဝိုင်းဝန်းပြီး အဆိုပြုချက်များကို တင်ပြခဲ့ကြပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဝမ်းယန်က အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ ကော်မတီဝင်များက အလုပ်အကိုင် ရှာဖွေရေးဆိုင်ရာ ထောက်ပံ့မှုနဲ့ ဝန်ဆောင်မှုများကို တိုးမြှင့်ရမည်ဟု တိုက်တွန်းခဲ့ကြသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။