ထိုင်း ဒုဝန်ကြီးချုပ် ပရာရီ ဝန်ကြီးချုပ်တာဝန်ကို ယာယီထမ်းဆောင်

(GMT+08:00)2022-08-25 18:29:27  

ယခုလ ၂၄ ရက်နေ့ နံနက်ပိုင်းက ထိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးသည် ဝန်ကြီးချုပ် ပရာယွတ် အား တရားရုံး၏ အပြီးသတ် စီရင်ချက် မချမှတ်ခင် ဝန်ကြီးချုပ်ရာထူးတာဝန်ကို ရပ်ဆိုင်းမည်ဟု စီရင်ဆုံးဖြတ်ခဲ့သည်။ ထိုင်းအစိုးရအဖွဲ့၏ အတည်ပြုပြီးသား ဆုံးဖြတ်ချက်အရ ဒုဝန်ကြီးချုပ် ပရာရီ သည် ယာယီဝန်ကြီးချုပ်အဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်သူ ဖြစ်သဖြင့် တရားရုံးမှ စီရင်ဆုံးဖြတ် ပြီးနောက် ပရာရီသည် ဝန်ကြီးချုပ် အဖြစ် ထမ်းဆောင်မည်ဖြစ်သည်။ ပရာယွတ်သည် ကာကွယ်ရေးဝန်ကြီးတာဝန်ကို ဆက်လက်ထမ်းဆောင်မည်ဟု သတင်းအရ သိရပါသည်။