မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများအနေနှင့် ပြည်ပအဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလများနှင့် တွေ့ဆုံလျှင် ခွင့်ပြုချက်ရယူရန် လိုအပ်သည်ဟု ဆို

(GMT+08:00)2022-08-25 18:25:20  

သြဂုတ်လ ၂၃ရက်နေ့က မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကြေညာချက်ထုတ်ပြန်ပြီး နိုင်ငံရေးပါတီများအား ပြည်ပအဖွဲ့အစည်းများ၊ တစ်သီးပုဂ္ဂလများနှင့် တွေ့ဆုံခွင့် ပြုထားသော်လည်း ရွေးကောက်ပွဲကော်မရှင်ထံ ကြိုတင် လျှောက်လွှာတင်သွင်းရန် လိုအပ်ပြီး အတည်ပြုပြီးမှသာ တွေ့ဆုံနိုင်ကြောင်း ဖေါ်ပြထားပါသည်။

ယခင်က ပြည်ပအဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများနှင့် တွေ့ဆုံခြင်းဆိုင်ရာ ကန့်သတ်စည်းမျဉ်းများကို သြဂုတ်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့ဖူးပြီး နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များက ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။