တရုတ်လေတပ် လေ‌ယာဉ်ပြပွဲတွင် ပြသမည့် လေယာဉ်အမျိုးအစားကို ကြေညာခဲ့

(GMT+08:00)2022-08-25 18:09:10  

တရုတ်လေတပ် လေ‌ယာဉ်ပြပွဲနှင့် ချန်ချွင်း လေကြောင်းပြပွဲကို ယခုလ ၂၆ရက်နေ့မှ ၃၀ ရက်နေ့အထိ ကြည်လင်ပြည်နယ် ချန်ချွင်းမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ လေတပ်မှ Jan-၂၀၊ Yun-၂၀၊ Yunyou-၂၀ နှင့် အခြား "၂၀ အမျိုးအစား" တိုက်လေယာဉ်များကို ပြပွဲတွင် ပြသမည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ မျိုးဆက်သစ် လေကြောင်း လောင်စာဆီ ဖြည့်သွင်းသည့် Yunyou-၂၀ ကို အများပြည်သူအား ပထမဆုံးအကြိမ် ပြသမည်ဖြစ်ကြောင်း ယခုလ ၂၄ ရက်နေ့က တရုတ်လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိန်းကျင့်ခိုက ပြောကြားခဲ့သည်။