ကမ္ဘာကြီး "စစ်အေးခေတ်သစ်" အဖြစ်သို့ လျှောကျသွားရန် ခွင့်ပြုလို့မရဟု ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ဆို

(GMT+08:00)2022-08-25 18:10:22  

ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ ယူကရိန်းရေးရာ အိုးပင်းအစည်းအဝေးတွင် မိန့်ခွန်းပြောကြားရာမှာ ယူကရိန်းအကျပ်အတည်းနဲ့ မကြာမီက နိုင်ငံတကာတွင် ဖြစ်ပွါးခဲ့သော တင်းမာမှုအမျိုးမျိုးသည် ပူးပေါင်းဆောင်ရွက်မှုကို အရေးပေါ် လိုအပ်နေပြီး စိန်ခေါ်မှုများ အတူရင်ဆိုင်ကြရသောယနေ့ခေတ်တွင် တမင်ရန်စခြင်း၊ ခွဲထွက်ရေးနှင့် တိုက်ခိုက်မှုများကို တိုးမြှင့်ခြင်းဆိုင်ရာ ကြံဆချက်များကို လွန်စွာ သတိထားရမည်ဟု ပြသနေကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ တည်ငြိမ်မှုကို ကာကွယ်ပြီး ကမ္ဘာကြီး "စစ်အေးခေတ်သစ်" အဖြစ်သို့ လျှောကျသွားရန် ခွင့်ပြုလို့ မရကြောင်း ပြောကြားခဲ့သည်။