ဆီးရီးယားပြည်တွင်းရှိ အီရန်နှင့်သက်ဆိုင်သော ပစ်မှတ်များကို တိုက်ခိုက်ရန် ဘိုင်ဒန် အမိန့်ချ

(GMT+08:00)2022-08-25 18:26:34  

သြဂုတ်လ ၂၃ ရက်နေ့က ဆီးရီးယားပြည်တွင်းရှိ အီရန်နှင့် သက်ဆိုင်သော ပစ်မှတ်များကို တိုက်ခိုက်ရန် အမေရိကန်သမ္မတ ဘိုင်ဒန်က အမိန့်ချ လိုက်သည်ဟု CNN နှင့် AP သတင်းဌာန၏ သတင်းကို ကိုးကား၍ China Media Groupက ဖော်ပြပါသည်။

၂၃ ရက်နေ့က အမေရိကန်တပ်ဖွဲ့သည် သမ္မတ ဘိုင်ဒန်၏ ညွှန်ကြားမှုအရ ဆီးရီးယား နိုင်ငံတွင် အီရန်က ထောက်ခံသည့် လက်နက်ကိုင်အဖွဲ့များအား လေကြောင်း တိုက်ခိုက်မှုကို တိကျစွာ ပြုလုပ်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ရေးဦးစီးဌာနက ကြေညာ သည်ဟု အမေရိကန် မီဒီယာက ၂၄ ရက်နေ့က ဖော်ပြပါသည်။