ထိုင်းခေါက်ဆွဲခြောက်ဈေးနှုန်း ၁၄နှစ်အတွင်း ပထမဆုံးအကြိမ် မြင့်တက်

(GMT+08:00)2022-08-25 18:28:39  

သြဂုတ်လ ၂၄ ရက်နေ့က ထိုင်းကုန်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်း ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဝါတာနာဆာနှင့် ထိုင်း အဓိက ခေါက်ဆွဲခြောက် ထုတ်လုပ်ရေး ကိုယ်စားလှယ်များသည် ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပ၍ ၂၅ရက်နေ့မှစပြီး ခေါက်ဆွဲခြောက် ဈေးနှုန်းကို မြှင့်တင်ကာ တစ်ထုပ်လျှင် ၁ ဘတ်ထက်ပိုမည်  မဟုတ်ကြောင်း ကြေညာခဲ့သည်။ ထိုင်း ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့သည့်တစ်ကြိမ် ခေါက်ဆွဲခြောက် ဈေးနှုန်းမြှင့်တက်ရန် ခွင့်ပြုခဲ့ခြင်းသည် ၂၀၀၈ခုနှစ်က ဖြစ်ပြီး ခေါက်ဆွဲခြောက်ထုတ်လုပ်ရေး ကုမ္ပဏီများက ၂နှစ်ကြာ လျှောက်ထားပြီးမှ ခွင့်ပြုချက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သတင်းအရ သိရပါသည်။