အနာဂတ်တွင် လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ၌ မိုးခေါင်ရေရှားမှု များပြားမည်ဟု တရုတ် သိပံ္ပပညာရှင်များ သတိပေး ဖေါ်ပြ

(GMT+08:00)2022-08-25 18:07:39  

၂၀၂၀ ပြည့်နှစ်မှ ၂၀၅၀ ပြည့်နှစ် အထိ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသတွင် မိုးခေါင်ရေရှားမှုများ ဖြစ်ပွားမှုနှုန်းမှာ ဆက်တိုက် တိုးများသွားမည် ဖြစ်ပြီး မြစ်ဝှမ်းဒေသမှ နိုင်ငံများသည် ရေအရင်းအမြစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် လိုအပ်ကြောင်း တရုတ် သိပံ္ပပညာရှင်များ၏ နောက်ဆုံးထုတ် အစီရင်ခံစာတွင် ဖေါ်ပြထားပါသည်။

ချင်းဟွာတက္ကသိုလ် ဆည်မြောင်းနှင့် တာတမံဌာန ဒုပါမောက္ခ လွန်တီနှင့် ၄င်း၏ သုတေသန အဖွဲ့တို့သည် မကြာမီက “ရေသိပံ္ပပညာ တိုးတက်မှု" ဂျာနယ်တွင် “ပြောင်းလဲသည့် ပတ်ဝန်းကျင်၌ လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ၌ မိုးခေါင်ရေရှားမှု အလားအလာ" ခေါင်းစဉ် ဖြစ်သည့် စာတမ်းကို ထုတ်ပြန်ခဲ့သည်။ လေ့လာချက်အရ အထက်ဖေါ်ပြပါ အချိန်ကာလ အတောအတွင်း လာအိုနှင့် ထိုင်းနိုင်ငံတို့၏ မိုးခေါင်ရေရှားမှု ဖြစ်ပွားသည့် အကြိမ်နှုန်းနှင့် ပြင်းထန်နှုန်းသည် မြစ်ဝှမ်းဒေသရှိ အခြားနိုင်ငံများထက် ပိုမြင့်မားမည်ဟု ဖေါ်ပြထားပါသည်။