နန်နင်းမြို့က အိပ်မက်နောက် လိုက်နေသူ ဗီယက်နမ်အမျိုးသမီးဒေါက်တာ

(GMT+08:00)2022-08-25 18:22:45  

ဖေရှစ်ဆွေ့ယွင်သည် ဗီယက်နမ်လူမျိုး ဖြစ်သည်။ ၂၀၀၂ ခုနှစ်က သူမသည် ပညာသင်ရန် ကွမ်ရှီးသို့ တစ်ယောက်တည်း ရောက်လာခဲ့ပြီး ကွမ်ရှီးတိုင်းရင်းသားတက္ကသိုလ်မှ ဘွဲ့နှင့်မဟာဘွဲ့ကို ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ်က ဖေရှစ်ဆွေ့ယွင်သည် တက္ကသိုလ်ကျောင်းဝင်းအနီးတွင် ဗီယက်နမ် ကြက်သားခေါက်ဆွဲဆိုင်တစ်ဆိုင် ဖွင့်ပြီး၊ ကိုယ့်သင်ယူလေ့လာမှုများကို အောင်မြင်စွာပြီးမြောက်ချိန်တွင် သူမလုပ်ငန်းကိုလည်း စတင်ထူထောင်လာခဲ့သည်။