ချိန်တူး လယ်ယာစိုက်ပျိုးရေးနှင့် အနုပညာ ပေါင်းစပ်ထားသော လယ်မြေရှုခင်း အပန်းဖြေ လုပ်ငန်းသည် ကျေးလက် ရှင်သန်ရေးကို အထောက်အကူပြု

(GMT+08:00)2022-08-25 18:14:00  

သြဂုတ်လ ၂၄ ရက်နေ့က ချိန်တူးမြို့ လုံရှင်းခရိုင်ရှိ  တရုတ်မို ၁၀မို ကျယ်ဝန်းသော စားနပ်ရိက္ခာ စံပြအခြေစိုက်စခန်းသည် အစိမ်းရောင် ကော်ဇောအချပ်ချပ်နှင့် တူညီလှသည်။ ယင်းလယ်မြေ ရှုခင်းတွင် GPS နည်းပညာ အသုံးပြုပြီး တိကျမှန်ကန်စွာ စိုက်ပျိုးကာ စပါးကို သဘာဝအတိုင်း ကြီးထွားလာသည်နှင့်အမျှ ထူးဆန်းသော ရောင်စုံ လှပမှုကို ပြသထားပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် အနုပညာ ပေါင်းစပ်ထားသော လယ်မြေရှုခင်း အပန်းဖြေ လုပ်ငန်းသည် ကျေးလက် ရှင်သန်ရေးကို အထောက်အကူပြု နေ ပါသည်။