ယခုနှစ် ဇွန်လ လကုန်အထိ တရုတ်နိုင်ငံတွင် မိုဘိုင်း IoT အသုံးပြုသူ ၁.၆၄ဘီလီယံရှိ

(GMT+08:00)2022-08-24 14:21:17  

ယခုနှစ် ဇွန်လ လကုန်အထိ တရုတ်နိုင်ငံတွင် မိုဘိုင်း IoT (Internet of things) အသုံးပြုသူ ၁.၆၄ ဘီလီယံရှိပြီး ယမန်နှစ် နှစ်ကုန်ပိုင်းကထက် ၀.၂၄ ဘီလီယံ တိုးများ လာကြောင်း ၁၀ ကြိမ်မြောက် တရုတ်ဒီဂျစ်တယ်အချက်အလက်ပြပွဲမှ ထုတ်ပြန်သော သတင်းကို ကိုးကား၍ တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာက ရေးသားဖော်ပြပါသည်။ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် သော့ချက်ကျသော အခြေခံအဆောက်အအုံတစ်ခု အဖြစ် တရုတ်နိုင်ငံ၏ မိုဘိုင်း IoTသည် အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးကာလသစ်သို့ ဝင်ရောက်နေပြီ ဖြစ်ပါသည်။