တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေးသည် ကမ္ဘာ့ ဒုတိယနေရာ၌ ၈နှစ်ကြာ ဆက်တိုက် တည်ရှိသည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဆို

(GMT+08:00)2022-08-24 14:23:02  

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံးသည် သြဂုတ်လ ၂၃ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ရာတွင် တရုတ် ဝန်ဆောင်မှုကုန်သွယ်ရေးဖွံ့ဖြိုးမှု နှင့် ၂၀၂၂ခုနှစ် တရုတ် နိုင်ငံတကာ ဝန်ဆောင်မှုကုန်သွယ်ရေးပြပွဲ(CIFTIS) ပြင်ဆင်ရေးလုပ်ငန်း တိုးတက်မှု အခြေအနေကို မိတ်ဆက်ခဲ့ပါသည်။ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့် စီးပွားကုန်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဝမ်တုံးထန်က CIFTIS ကို ကျင်းပခဲ့သည့် (၁၀)နှစ်တာသည် တရုတ်နိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့သော (၁၀)နှစ်လည်း ဖြစ်ကြောင်း၊ ၂၀၁၂ခုနှစ်မှစ၍ တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေး တင်သွင်း၊တင်ပို့မှုသည် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ တိုးတက်လာပြီး နှစ်စဉ်ပျမ်းမျှ ၆.၁ ရာခိုင်နှုန်း တိုးတက်လာကာ တစ်ကမ္ဘာလုံး တိုးနှုန်းထက် ၃.၁ ရာခိုင်နှုန်း ပိုမြင့်ကြောင်း၊ ယမန်နှစ်က တရုတ်နိုင်ငံ၏ ဝန်ဆောင်မှု ကုန်သွယ်ရေးသည် ကမ္ဘာ့ဒုတိယနေရာ၌ ၈နှစ်ကြာ ဆက်တိုက် တည်ရှိကြောင်း၊ CIFTIS ကို စတင်ဖန်တီးလာခဲ့ပြီးနောက် တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကုန်သွယ်ရေး အရည်အချင်း မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်အတွက် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လာကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။