ထိုင်ဝမ်ရေးရာမှာ “သူခိုးကလူဟစ်” လုပ်နေတဲ့ အမေရိကန်က မှားယွင်းမှုများ ထပ်ခါတလဲလဲ မပြုလုပ်ပါနဲ့

(GMT+08:00)2022-08-24 14:25:03  

   မကြာခင်က ထိုင်ဝမ်ရေးရာအပေါ် အမေရိကန် နိုင်ငံရေးသမားတစ်ချို့က ကိုယ့်ဟာကိုယ် အကျပ်အတည်းကို ဖန်တီးပြီးနောက် တရုတ်ပြည်ကို အပြစ်ပုံ လွှဲချတဲ့ ဇာတ်လမ်းကြီးကို တင်ဆက်ခဲ့တယ်။

   အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ပလိုစီက တရုတ်နိုင်ငံ ထိုင်ဝမ် ဒေသကို သွားရောက်မှုကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် အဆင့်မြင့် အရာရှိတွေက “တရုတ်နိုင်ငံက အဲဒီကိစ္စ အပေါ် အလွန်အကျွံ တုံ့ပြန်တယ်”၊ “တရုတ်နဲ့ အမေရိကန် ဆက်ဆံမှု အကျပ်အတည်းကို ဖြစ်စေခဲ့တယ်” စတာတွေ ပြစ်တင်ပြောဆိုကြပြီး ထိုင်ဝမ် ရေလက်ကြား အခြေအနေ တင်းမာလာမှုရဲ့ အကြောင်းရင်းကို တရုတ်ပြည်အား အပြစ် လွှဲချဖို့ ကြိုးစားကြတယ်။ ဒီ့ထက် ပိုဆိုးသွမ်းတာကတော့ အမေရိကန် နိုင်ငံရေးသမား တစ်ချို့က ထိုင်ဝမ်ကို ဆက်လက် သွားရောက်ခဲ့ပြီး ထိုင်ဝမ် ရေလက်ကြား တင်းမာတဲ့ အခြေအနေအပေါ် “မီးလောင်ရာလေပင့်” လုပ်ခဲ့ကြတယ်။

   ထိုင်ဝမ် ရေလက်ကြား အကျပ်အတည်းဟာ အမေရိကန်ကပဲ စီစဉ်ပြီး စတင် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်။ တရုတ်နိုင်ငံက ထိုင်ဝမ် ရေလက်ကြား တည်ငြိမ်မှုကို ထိန်းသိမ်းကာကွယ်ဖို့အတွက် ပလိုစီရဲ့ ခရီးစဉ်ကို ကန့်ကွက်ကြောင်းနဲ့ အဲဒီခရီးစဉ်ကြောင့် ပြင်းထန်ဆိုးဝါးတဲ့ အန္တရာယ်များ ဖြစ်နိုင်ကြောင်းကို ရှင်းရှင်းလင်းလင်း ကြိုတင် ဖေါ်ပြခဲ့တယ်။ တစ်ချိန်တည်းမှာ နိုင်ငံတကာမှာ အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်များကလည်း ဖြစ်နိုင်စရာ ကြီးမားတဲ့ အန္တရာယ်နဲ့ ပတ်သက်ပြီး အသီးသီး သတိပေးခဲ့ကြဖူးတယ်။

   တရုတ်နိုင်ငံ တန်ပြန် ဆောင်ရွက်မှုများ ပြုလုပ်တဲ့ ရည်ရွယ်ချက်ဟာ သက်ဆိုင်သူများကို သတိပေးဖို့၊ ထိုင်ဝမ် သီးခြားတည်ရှိရေး အင်အားစုကို ပြစ်ဒဏ်ပေးဖို့နဲ့ နိုင်ငံတော်ရဲ့ အမြုတေကျတဲ့ အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ဖို့ အတွက် ဖြစ်ပြီး နိုင်ငံတကာဥပဒေနဲ့ ပြည်တွင်းဥပဒေနဲ့ ကိုက်ညီပါတယ်။

   တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူဟာ တရုတ်နိုင်ငံရဲ့ အမြုတေကျတဲ့ အကျိုးစီးပွားထဲမှာ အမြုတေကျရာကိစ္စပဲ ဖြစ်တယ်။ အမေရိကန် အနေနဲ့ ပလိုစီရဲ့ ထိုင်ဝမ် ခရီးစဉ် လုပ်ရပ်ကနေ သင်ခန်းစာယူပြီး မှားယွင်းမှုများ  ထပ်ခါတလဲလဲ မပြုလုပ်ပါနဲ့လို့ မိမိတို့ သတိပေး တိုက်တွန်းပါကြောင်း China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။