ဥရောပသမဂ္ဂ၏ အားဖြည့် ကြီးကြပ်မှုယန္တရားစနစ်မှ နုတ်ထွက်သည်ဟု ဂရိဝန်ကြီးချုပ် ကြေညာ

(GMT+08:00)2022-08-24 14:23:34  

ဂရိနိုင်ငံ၏ စီးပွားရေးအပေါ် ဥရောပသမဂ္ဂမှ ချမှတ်ဆောင်ရွက်ခဲ့သော "အားဖြည့် ကြီးကြပ်မှုမူဘောင်"ကို အဆုံးသတ်ခဲ့ပြီး ၁၂ နှစ်ကြာ ဘဏ္ဍာရေးဆိုင်ရာ ကန့်သတ်ချက်များမှ ဂရိကို လွတ်မြောက်စေကာ ဂရိနိုင်ငံက မူဝါဒချမှတ်ရာတွင် ပိုမိုများပြားသော လွတ်လပ်မှု ရှိလာသည်ဟု ဂရိဝန်ကြီးချုပ် မီစိုတာကီစ်က မကြာမီက ကြေညာခဲ့ကြောင်း သိရပါသည်။

သတင်းအရ ၂၀၁၈ ခုနှစ်မှစ၍ ဂရိနိုင်ငံ၏ စီးပွားရေး စွမ်းဆောင်မှုနှင့် မူဝါဒများကို ယင်း မူဘောင်အောက်တွင် အနီးကပ် စောင့်ကြည့်ခံခဲ့ရပြီး ဤသို့ဖြင့် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဥရောပသမဂ္ဂ နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့မှ စုစုပေါင်း ယူရို ဘီလီယံ 260 ဖြစ်သည့် နိုင်ငံတကာထောက်ပံ့မှု (၃) ခု‌အောက်မှာ ဂရိနိုင်ငံက ကတိပြုထားသော ပြုပြင်ပြောင်းလဲမှုများ ဖေါ်ဆောင်ခြင်းကို အာမခံပေးခြင်း ဖြစ်ကြောင်း သိရပါသည်။