NASA သည် ဂျူပီတာ၏ ဓာတ်ပုံသစ်ကို ထုတ်ပြန်

(GMT+08:00)2022-08-24 14:22:37  

ဩဂုတ်လ ၂၂ ရက်နေ့တွင် NASA ဝက်ဘ်ဆိုက်မှ  James Webb အာကာသကြည့် မှန်ပြောင်းဖြင့် အသစ်ရိုက်ကူးထားသော ဂျူပီတာ၏ နောက်ဆုံးဓာတ်ပုံကို ထုတ်ပြန်ခဲ့သည်။ အထူးပြု အနီအောက်ရောင်ခြည် ကင်မရာဖြင့် ရိုက်ကူးခဲ့ပြီး သိပ္ပံပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒေတာများကို ရုပ်ပုံများအဖြစ် ပြောင်းလဲ ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။