ဆွီဒင်နှင့် ဂျပန်တို့သည် နေတိုးအဖွဲ့၏ ဂျော်ဂျီယာ၌ စစ်ရေးလေ့ကျင့်မှုကို ပထမဆုံး အကြိမ်အဖြစ် ပါဝင်မည်

(GMT+08:00)2022-08-24 14:24:28  

အာဇာဘိုင်ဂျန်၊ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ဘူလ်ဂေးရီးယား၊ အက်စ်တိုးနီးယား၊ ဂျာမဏီ၊ ဗြိတိန်၊ ဂရိ၊ ဟန်ဂေရီ၊ လစ်သူယေးနီးယား၊ မော်လ်ဒိုဗာ၊ နော်ဝေး၊ ပိုလန်၊ ရိုမေးနီးယား၊ စလိုဗက်ကီးယားနှင့် တူရကီ စသည့် နိုင်ငံများမှ စစ်သား ၂၄၀၀ ကျော်တို့သည် ယခုနှစ် ဂျော်ဂျီယာနိုင်ငံ၌ ကျင်းပမည့် အမေရိကန်နိုင်ငံ ဦးဆောင်သော Noble Partner 2022 စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်သည်။

Noble Partner 2022 စစ်ရေးလေ့ကျင့်မှုသည် ဂျော်ဂျီယာ၊ အမေရိကန်၊ ဒေသတွင်း မိတ်ဖက်နိုင်ငံများနှင့် မဟာမိတ်နိုင်ငံများအကြား အပြန်အလှန် ဆက်သွယ်မှုကို တိုးမြှင့်ရန်နှင့် ပင်လယ်နက်ဒေသတွင် တည်ငြိမ်ပြီး လုံခြုံသောပတ်ဝန်းကျင်ကို ကာကွယ်ပေးရန် ရည်မှန်းထားသည်။ ဂျပန်နှင့် ဆွီဒင်နိုင်ငံမှ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများသည် ပထမဆုံးအကြိမ်အဖြစ် ယင်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည် ဖြစ်ကြောင်း ဂျော်ဂျီယာ နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာနက အလေးထား ပြောကြားသည်။