အီရန်က ဒရုန်းစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်မည်

(GMT+08:00)2022-08-24 14:24:03  

ဒေသစံတော်ချိန် ဩဂုတ်လ ၂၄ရက်နေ့မှစတင်၍ အီရန်နိုင်ငံသည် ဒရုန်း စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ လေ့ကျင့်မှုသည် အီရန်၏ နယ်မြေတစ်ခုလုံးကို လွှမ်းမိုးမည်ဖြစ်ပြီး တိုက်ခိုက်ရေး၊ ကင်းထောက်ရေးနှင့် ဗုံးကြဲတိုက်ခိုက်ရေးများတွင် အသုံးပြုသည့် ဒရုန်းအမျိုးမျိုး ပါဝင်မည်ဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ဒရုန်းအစင်း ၁၅၀ ပါဝင်မည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ စစ်အခြေစိုက် စခန်းများမှ ရောက်ရှိလာမည်ဖြစ်ကြောင်း၊ လေ့ကျင့်မှုသည် စစ်မှန်သော အခြေအနေသဖွယ် ပြုလုပ်မည် ဖြစ်ပြီး စစ်တပ်သည် စိတ်ကူးယဉ်ရန်သူများကို တိုက်ခိုက်ရန်အတွက် "Omid" ရေဒါဆန့်ကျင်ရေး ဒရုန်းများကို အသုံးပြုမည်ဖြစ်ကြောင်း အီရန်စစ်တပ်က ပြောကြားခဲ့သည်။