အမေရိကန်အစိုးရသည် ယူကရိန်းအား နောက်ထပ် စစ်ရေး ကူညီထောက်ပံ့မှု ကန်ဒေါ်လာ ၃ ဘီလီယံခန့် ပေးအပ်မည်

(GMT+08:00)2022-08-24 14:21:46  

ရုရှားနှင့် ယူကရိန်းတို့အကြား ပဋိပက္ခဆက်လက်ဖြစ်ပွားသည်နှင့်အမျှ အမေရိကန်၏ လုံခြုံရေး ကူညီထောက်ပံ့မှုသည် ရေရှည် ဆောင်ရွက်မှုအဖြစ် ကူးပြောင်းနေကြောင်း၊ အနာဂတ်တွင် ဥရောပ၌ ပိုမိုများပြားသည့် အမေရိကန်တပ်ဖွဲ့များ ဆက်လက်ချထားနိုင်ဖွယ်ရာရှိပြီး အမေရိကန် အစိုးရသည် ယူကရိန်းအား နောက်ထပ်အကူအညီ အမေရိကန်ဒေါ်လာ ၃ ဘီလီယံခန့် ပေးအပ်ရန် အစီအစဉ်ကို ကြေညာမည် ဖြစ်ကြောင်း အမေရိကန် အရာရှိ တစ်ဦးက ပြောကြားသည်ဟု APသတင်းဌာနမှ ယခုလ ၂၃ရက်နေ့က ထုတ်ဖော်သည်။

အမေရိကန် အရာရှိက ၄င်းထောက်ပံ့ရေးအစီအစဉ်ကို ၂၄ရက်နေ့တွင် ထုတ်ပြန်ကြေညာဖွယ် ရှိပြီး ယူကရိန်းသည် မောင်းသူမဲ့ လေယာဉ်၊ လက်နက်နှင့် အခြားပစ္စည်းကိရိယာများကို ဝယ်ယူရန်အတွက် အသုံးပြုမည်ဖြစ်ကြောင်း၊ ၄င်းရန်ပုံငွေအသစ်များကို ယူကရိန်း၏ ရေရှည် ကာကွယ်ရေးအတွက် အဓိက အသုံးပြုမည်ဖြစ်ကြောင်း ပြောကြားသည်။