စွမ်းအင်ကုန်ကျစရိတ် တစ်ဟုန်ထိုး မြင့်တက်လာခြင်းကြောင့် ဘယ်လ်ဂျီယံသည် ရေရှည်စီးပွားရေး အခက်အခဲနှင့် ရင်ဆိုင်ရမည်ဟု ဘယ်လ်ဂျီယံဝန်ကြီးချုပ် ဆို

(GMT+08:00)2022-08-23 19:10:33  

စွမ်းအင်ကုန်ကျစရိတ် တစ်ဟုန်ထိုး မြင့်တက်လာခြင်းကြောင့် ဘယ်လ်ဂျီယံနိုင်ငံသည် ရေရှည်စီးပွားရေးအခက်အခဲနှင့် ရင်ဆိုင်ရမည်ဟု ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် Alexander De Croo က သြဂုတ်လ ၂၂ ရက်နေ့က သတိပေးခဲ့ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။

ထိုနေ့တွင် ဘယ်လ်ဂျီယံ Zeebrugge ဆိပ်ကမ်းသို့ လှည့်လည်ကြည့်ရှုရာ၌ Alexander De Croo က လာမည့် ဆောင်းရာသီ ၅ ခုမှ ၁၀ခုအတွင်း အလွန် ခက်ခဲမည်ဖြစ်ကြောင်း၊ အလွန်ခက်ခဲသောအခြေအနေသည် ဥရောပတစ်တိုက်လုံး၌ ပျံ့နှံ့ နေကြောင်း၊ အချို့လုပ်ငန်းများသည် စွမ်းအင်ကုန်ကျစရိတ် မြင့်မားသော အခြေအနေ၌ ဆက်တိုက် တည်ရှိနေပြီး ပြင်းန်သည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း မီဒီယာများအား ပြောကြားပါသည်။