“တရုတ် မြန်နှုန်းမြင့်ရထား” စီးပြီး အကျိုးတူ ဖွံ့ဖြိုးတိုးတက်ကြရအောင်

(GMT+08:00)2022-08-23 19:20:08  

 Belt and Road အတူတည်ဆောက်မှု ကမ်းလှမ်းချက် အတွက် သြဂုတ်လ ၂၁ ရက်နေ့ဟာ နေ့ထူးရက်မြတ်ပဲ ဖြစ်တယ်။ အဲဒီနေ့မှာ တရုတ် ရှီးအန်းမြို့ -ဂျာမဏီ ဟမ်ဘတ်မြို့ ကုန်တင်ရထားဟာ ရှီးအန်းမြို့ အပြည်ပြည်ဆိုင်ရာ ရထားဘူတာမှ ထွက်ခွာ ခဲ့တယ်။ ဒါဟာ ဒီနှစ်အတွင်း တရုတ်-ဥရောပ ကုန်တင်ရထား အကြိမ် တစ်သောင်းမြောက် ပြေးဆွဲခဲ့ခြင်း ဖြစ်တယ်။ တစ်ချိန်တည်းမှာ ဂျကာတာ- ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းပေါ်တွင် ပြေးဆွဲမယ့်၊ တရုတ်နိုင်ငံက ပထမဆုံးအကြိမ် တင်ပို့ရောင်းချတဲ့ မြန်နှုန်းမြင့်ရထားနဲ့ အထွေထွေ တိုင်းတာရေး ရထားကလည်း တရုတ်နိုင်ငံ ချင်းတောင်မြို့မှ ထွက်ခွာခဲ့ကြပါတယ်။ 

ပြီးခဲ့တဲ့နှစ်များအတွင်း တရုတ်နဲ့ နိုင်ငံခြား ရထားဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များစွာ ရှိပြီး အဲဒါတွေဟာ ဒေသခံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးနေပါတယ်။

လက်ရှိအချိန်မှာ တရုတ်-ဥရောပ ကုန်တင်ရထားလိုင်း ၈၂ လိုင်း ရှိပြီး ဥရောပ နိုင်ငံ ၂၄ နိုင်ငံရှိ မြို့ ၂၀၀ ကို ပေါက်ရောက်ကာ ကုန်တင်မှုပမာဏဟာ ယင်းရထားများ စတင် ပြေးဆွဲခဲ့တဲ့ ၂၀၁၁ ခုနှစ်ရဲ့ အဆ ၉၀၀ ဖြစ်ပြီး ကုန်တင်ပစ္စည်းများရဲ့ စုစုပေါင်း တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ နီးပါး ရှိပါတယ်။

ဂျကာတာ- ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ဆောက်လုပ်ပြီးနောက် ဂျကာတာကနေ ဘန်ဒေါင်းကို သွားရင် အရင်က ၃ နာရီကြာ လိုအပ်တာကနေ မိနစ် ၄၀ သာ အချိန် တိုတောင်းသွားမှာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်က တရုတ်နဲ့ Belt and Road နိုင်ငံများအကြား ကုန်စည် ရောင်းဝယ်မှု စုစုပေါင်းပမာဏဟာ ယွမ် ဘီလီယံ ၁၁၆၀၀ ရှိပြီး Belt and Road နိုင်ငံများမှာ တရုတ်နိုင်ငံရဲ့ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ယွမ် ၁၃၈့ ၄၅ ဘီလီယံ ရှိတယ်လို့ သိရပါတယ်။

တရုတ်-ဥရောပ ကုန်တင်ရထားလိုင်းများနဲ့ ဂျကာတာ- ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်း စတဲ့ Belt and Road အတူ တည်ဆောက်ရေးဆိုင်ရာ အမှတ်အသား အောင်ကျိုးရလဒ်များက တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ အကျိုးတူ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို ပေါ်လွင်နေတယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြထားပါတယ်။