လာမည့် အကြိမ် ကန်၏ စီးပွားရေးဆုတ်ယုတ်မှုသည် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်မည်ဟု စီးပွားရေးပညာရှင် ၇၂ ရာခိုင်နှုန်း ခန့်မှန်း

(GMT+08:00)2022-08-23 19:08:42  

အမေရိကန် အမျိုးသားစီးပွားရေးအသင်းNABE၏နောက်ဆုံး စစ်တမ်းအရ စစ်တမ်းကောက်ယူခဲ့သည့် စီးပွားရေးပညာရှင် ၇၂ ရာခိုင်နှုန်းက လာမည့် အကြိမ် အမေရိကန်၏ စီးပွားရေးဆုတ်ယုတ်မှုသည် ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင်မည်ဟု ခန့်မှန်းရကြောင်း သိရသည်ဟု အမေရိကန် CNNက ၂၂ ရက်နေ့က ဖော်ပြခဲ့ပါသည်။ ထို့ပြင် အမေရိကန် အမျိုးသားစီးပွားရေး သုတေသနဌာန၏ အစီရင်ခံစာအရ စီးပွားရေးပညာရှင် ၁၉ ရာခိုင်နှုန်းသည် အမေရိကန်၏ စီးပွားရေး ဆုတ်ယုတ်မှု စတင်နေပြီဟု ယုံကြည်ထားပြီး ၂၀ ရာခိုင်နှုန်းသာ အမေရိကန်၏ စီးပွားရေးဆုတ်ယုတ်မှုသည် ၂၀၂၃ခုနှစ် ဒုတိယ နှစ်ဝက်ပိုင်း မတိုင်မီ စတင်မည် မဟုတ်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။