ကန် အတ္တလန်တာမြို့လယ်တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ၂ ဦး သေဆုံး

(GMT+08:00)2022-08-23 14:58:36  

ဒေသစံတော်ချိန်ယခုလ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံဂျော်ဂျီယာပြည်နယ် အတ္တလန်တာ မြို့လယ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွါးခြင်းကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံရဲဘက်က ပြောကြားခဲ့ကြောင်း၊ သံသယရှိသူသည် အမျိုးသမီးတစ်ဦးဖြစ်ပြီး ရဲဘက်ကဖမ်းဆီးထားခဲ့ကြောင်း သိရပါသည်။

အဆိုပါဖြစ်ရပ်သည် ကျပန်းရာဇ၀တ်မှု မဟုတ်ဘဲ သံသယရှိသူနှင့် ပစ်ခတ်ခံရသူအကြား ဆက်နွှယ်မှု ရှိနိုင်သည်ဟု ရဲဘက်က ယုံကြည်ကြောင်း၊ ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရပါသည်။