အီတလီတွင် အမေရိကန်စစ်သားတစ်ဦးအရက်မူးပြီးကားမောင်းရာမှာ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ကားတိုက်ခံရ၍သေဆုံး

(GMT+08:00)2022-08-23 15:13:34  

ဒေသစံတော်ချိန် သြဂုတ်လ ၂၂ ရက်နေ့တွင် အီတလီနိုင်ငံမီဒီယာများ၏ သတင်းထုတ်ပြန်ချက်အရ ၂၁ ရက်နေ့ နံနက်အစောပိုင်းတွင် အီတလီနိုင်ငံ အရှေ့မြောက်ပိုင်းဒေသရှိ Porcia မြို့တွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦး ကားတိုက်ခံရ၍ သေဆုံးကြောင်းသိရပါသည်။ ကားမောင်းသမားသည်အသက် ၂၀ နှစ်အရွယ်ရှိအမေရိကန် အမျိုးသမီးစစ်သားဖြစ်ပြီး ၂၂ ရက်နေ့တွင် ၄င်းသည် အရက်မူးပြီးကားမောင်းကြောင်းအတည်ပြုခဲ့ပါသည်။