ကန်တရားရေးဝန်ကြီးဌာနအနေနှင့် ကြီးကြပ်ရေးအဖွဲ့အစည်း တာဝန် မခန့်အပ်မီတွင် Mar-a-Lago မှ သိမ်းဆည်းခဲ့သည့် စာရွက်စာတမ်းများကို စစ်ဆေး၍ မရကြောင်း ဒေါ်နယ်ထရမ့် တောင်းဆို

(GMT+08:00)2022-08-23 19:13:19  

ဒေသစံတော်ချိန် သြဂုတ်လ ၂၂ ရက်နေ့က အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရမ့်သည် အမေရိကန်တရားရေးဝန်ကြီးဌာနကို တရားစွဲဆိုခဲ့ရာ အမေရိကန် တရားရေးဝန်ကြီးဌာနအနေနှင့် ကြီးကြပ်ရေးအဖွဲ့အစည်း တာဝန် မခန့်အပ်မီတွင် Mar-a-Lago မှ သိမ်းဆည်းခဲ့သည့် စာရွက်စာတမ်းများကို တစ်ဆင့်တက် စစ်ဆေး မရကြောင်း တောင်းဆိုခဲ့ပါသည်။

ဒေါ်နယ်ထရမ့်၏ စွဲိုချက်တွင် အမေရိကန်ပြည်ထောင်စုထောက်လှမ်းရေးဌာန (FBI) ၏ ရုတ်တရက် အလစ် ဝင်ရောက်ခြင်းမှာ နိုင်ငံရေးရည်ရွယ်ချက် ရှိပြီး အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ စတုတ္ထ ပြင်ဆင်ချက်တွင် လူပုဂ္ဂိုလ်သည် အကျိုးအကြောင်းမဲ့ ရှာဖွေစစ်ဆေးမှုနှင့် ဖမ်းဆီးထိန်းသိမ်းထားမှုများကို ဆန့်ကျင်ခွင့်ရှိသည်ဟုသတ်မှတ်ထားသဖြင့် ပြည်ထောင်စုအစိုးရသည် မိမိ၏ အခွင့်အရေးကို ထိခိုက်ကျူးကျော်ခဲ့ကြောင်း ဖော်ပြထားပါသည်။