နေထိုင်မှုကုန်ကျစရိတ် မြင့်တက်လာခြင်းကို မခံနိုင်ကြောင်း ကနေဒါပြည်သူ ၅၆ ရာခိုင်နှုန်းတို့ ယူဆ

(GMT+08:00)2022-08-23 19:14:25  

ဒေသစံတော်ချိန် သြဂုတ်လ ၂၂ရက်နေ့က ကနေဒါ Angus Reid သုတေသနဌာနမှ နောက်ဆုံးထုတ် စုံစမ်းစစ်ဆေးမှုရလဒ်အရ ကနေဒါပြည်သူ ၅၆ ရာခိုင်နှုန်းသည် လက်ရှိ နေထိုင်မှုကုန်ကျစရိတ် မြင့်တက်လာခြင်းကို မခံနိုင်ကြောင်း ပြောကြားခဲ့ကြပါသည်။

ထို့အပြင် မကြာမီက ကနေဒါနိုင်ငံတွင် အစားအစာနှင့် ကုန်ဈေးနှုန်း အလွန် လျင်မြန်စွာ မြင့်တက်လာသဖြင့် ကနေဒါပြည်သူ ၇၈ ရာခိုင်နှုန်းတို့က အစားအစာနှင့် ကုန်စုံဆိုင်များသည် ငွေကြေးဖောင်းပွမှုကို အသုံးပြုပြီး ကုန်ဈေးနှုန်း မြှင့်တင်ကာ အကျိုးအမြတ် ရရှိကြောင်း ယူဆကြပါသည်။

      Angus Reid သုတေသနဌာနကို ၂၀၁၄ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ပြီး ကနေဒါနိုင်ငံတွင် ပြည်လုံးဆိုင်ရာ၊ အကျိုးအမြတ် မယူသော၊ သီးခြားလွတ်လပ်သည့် သုတေသနဌာနတစ်ခု ဖြစ်ပါသည်။