အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး၏ ထိုင်ဝမ်ခရီးစဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတုံ့ပြန်

(GMT+08:00)2022-08-23 15:01:48  

ဩဂုတ်လ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူသည် အမေရိကန် အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး၏ ထိုင်ဝမ်ခရီးစဉ်နှင့်ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကိုဖြေကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်ပိုင်နက်နယ်မြေ၏ ခွဲမရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ထိုင်ဝမ်ပြဿနာသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးကြီးဆုံး၊ အကဲဆတ်ပြီးအဓိကပြဿနာဖြစ်ကြောင်း၊ အမေရိကန်က မည်သည့် အသွင်ပုံစံဖြင့် မဆို၊ မည်သည့်အမည်ဖြင့် မဆို ထိုင်ဝမ်နှင့် တရားဝင် ဆက်ဆံမှု ပြုလုပ်ခြင်းကို တရုတ်နိုင်ငံက ပြတ်ပြတ်သားသား ကန့်ကွက်ပြီး အင်ဒီယားနား ပြည်နယ် အုပ်ချုပ်ရေးမှူး၏ ထိုင်ဝမ်ခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်အား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။