၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဗြိတိန် ငွေကြေးဖောင်းပွမှု ၁၈့၆ ရာခိုင်နှုန်းရှိမည်ဟု Citibank ခန့်မှန်း

(GMT+08:00)2022-08-23 15:20:03  

Citibank ၏ ဈေးကွက်ပေါက်ဈေးများကို အခြေခံသော နောက်ဆုံးခန့်မှန်းမှုအရ သဘာဝ ဓာတ်ငွေ့ လက်ကားဈေး လျင်မြန်စွာ မြင့်တက်လာသည်နှင့်အမျှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဗြိတိန်နိုင်ငံ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၈့၆ ရာခိုင်နှုန်း ဖြစ်နိုင်ဖွယ်ရာ ရှိကြောင်း၊ ယင်းသည် လွန်ခဲ့သည့် နှစ် ၄၀ အတွင်း ဗြိတိန် ငွေကြေးဖောင်းပွမှု စံချိန်သစ်ကို ဖန်တီးမည်ဖြစ်ကြောင်း ဗြိတိန် Financial Times သတင်းစာမှ ထုတ်ပြန်သည်။

       ဗြိတိန် နိုင်ငံတော် စာရင်းအင်းဌာနမှ ဒေတာအရ ယခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ဗြိတိန်နိုင်ငံမှ စားသုံးသူဈေးနှုန်းညွှန်ကိန်း (CPI)သည် ယမန်နှစ် အလားတူအချိန်ပိုင်း ကထက် မြင့်တက်လာပြီး ၄င်းတို့အနက် ဇူလိုင်လ CPIသည် ယမန်နှစ် အလားတူအချိန်ပိုင်း ကထက် ၁၀့၁ ရာခိုင်နှုန်း မြင့်တက်လာကာ လွန်ခဲ့သည့် နှစ်၄၀ ခန့်အတွင်း အမြင့်ဆုံးဖြစ်ကြောင်း သတင်းအရ သိရပါသည်။