အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားခြင်းသည်နိုင်ငံများအကြား ဆက်ဆံရေး၏ “ရွှေဥပဒေ”ဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာတရုတ်အမြဲတမ်းကိုယ်စားလှယ်ဆို

(GMT+08:00)2022-08-23 14:19:57  

သြဂုတ်လ၂၂ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခုလအလှည့်ကျ သဘာပတိနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏အဆိုပြုချက်အရ “ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ပြီး ဘုံလုံခြုံရေးကို ထိန်းသိမ်းကာကွယ်ခြင်း ဆောင်ပုဒ်ဖြစ်သည့် တံခါးဖွင့် အစည်းအဝေးကို ကျင်းပခဲ့သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ကျန်းကျွင်းက ယခုအကြိမ် အစည်းအဝေးကို ကြီးမှူးကျင်းပခဲ့သည်။ ၎င်းက နိုင်ငံတစ်နိုင်ငံ၏အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ပြည့်စုံမှုကို လေးစားခြင်းသည် ဘုံလုံခြုံရေးကို အကောင်အထည်ဖော်ဆောင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး နိုင်ငံများအကြား ဆက်ဆံရေး၏"ရွှေဥပဒေ" ဖြစ်ကြောင်းပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။