မြန်မာ အိမ်စောင့် အစိုးရသည် ဒုတိယအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင် ကျင်းပ

(GMT+08:00)2022-08-23 19:17:20  

ဒေသ စံတော်ချိန် ယခုလ ၂၂ရက်နေ့က မြန်မာနိုင်ငံ အိမ်စောင့် အစိုးရ ဝန်ကြီးချုပ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဥက္ကဋ္ဌခွန်သူရိန်၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU ဥက္ကဋ္ဌ ကျောဆော်လမွန်၊ ရခိုင် လွတ်မြောက်ရေး ပါတီ ဒုဥက္ကဋ္ဌ စောမြရာဇာလင်း တို့ ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ကိုယ်စားလှယ် အဖွဲ့နှင့် ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း၊ ယင်းသည် မြန်မာ အိမ်စောင့် အစိုးရ ကျင်းပသည့် ဒုတိယ အကြိမ် ငြိမ်းချမ်းရေး စေ့စပ် ဆွေးနွေးပွဲ၏ ပထမ အကြိမ် ဆွေးနွေးပွဲ ဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရသည်။

ယခုအကြိမ် ဆွေးနွေးပွဲတွင် နှစ်ဖက်တို့သည် ပါတီစုံ ဒီမိုကရေစီ အကောင်အထည် ဖော်ဆောင်ရေး၊ ပြည်ထောင်စု စနစ် ကောင်းမွန်ပြည့်စုံစေရေးနှင့် ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိသော ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို အာမခံပေးခြင်း စသည့် ပြဿနာများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း၊ ထို့အပြင်၊ ယခုအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ နိုင်ငံရေး မျှော်လင့်ချက်နှင့် အနာဂတ် လုပ်ငန်း ဖြစ်စဉ်များကို လူသိရှင်ကြား ဆွေးနွေးရန် ခွင့်ပြုကြောင်းလည်း သိရသည်။

မေလ ၂၀ ရက်နေ့မှ သြဂုတ်လ အလယ်ပိုင်း အထိ မြန်မာ အိမ်စောင့် အစိုးရသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆယ်ဖွဲ့ကျော်မှ ကိုယ်စားလှယ်အဖွဲ့များနှင့် ပထမအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။