ယူကရိန်းအား စစ်လက်နက်များ ဆက်လက် ပံ့ပိုးရောင်းချပေးရန် ဂျာမဏီဝန်ကြီးချုပ် ဆို

(GMT+08:00)2022-08-23 19:09:33  

ရုရှား-ယူကရိန်းအကြား အချင်းပွားတိုက်ခိုက်မှု ဆက်လက် ဖြစ်ပွားနေဆဲအချိန်တွင် အနောက်နိုင်ငံများက ယူကရိန်းအား စစ်လက်နက်များ ပံ့ပိုးရောင်းချနေပါသည်။ သြဂုတ်လ ၂၁ ရက်နေ့က ဂျာမဏီဝန်ကြီးချုပ် ရှုလ်ဇ်က ယူကရိန်းအား ပိုမိုများပြားသော စစ်လက်နက်ကို ထောက်ပံ့ပေးရန် ဂျာမဏီက စီစဉ်နေသည်ဟု ဖော်ပြခဲ့ပါသည်။ ထို့ပြင် အမေရိကန်သည် ယူကရိန်းအား M982 Excalibur တိကျသော ပဲ့ထိန်း ဒုံးကျည်များကို ထောက်ပံ့ပေးရန် စီစဉ်နေသည်ဟု အမေရိကန် နိုင်ငံရေးသတင်းစာက ၁၉ ရက်နေ့က ဖော်ပြခဲ့ပါသည်။ ယင်းဒုံးကျည်များသည် ယူကရိန်းအား ထောက်ပံ့ထားသည့် အမေရိကန် ဒေါ်လာ ၇၇၅သန်း တန်ဖိုးရှိသော နောက်ဆုံးအသုတ် စစ်ရေးထောက်ပံ့မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သတင်းရရှိပါသည်။