Donetsk ရှိ ယူကရိန်း ခဲယမ်းမီးကျောက် သိုလှောင်ရုံကို တိုက်ခိုက်သည်ဟု ရုရှားဆို၊ Bakhmut စသည့် ဒေသများတွင် ရုရှား၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို တွန်းလှန်တိုက်ဖျက်ဟု ယူကရိန်းဆို

(GMT+08:00)2022-08-23 15:18:21  

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရုရှားစစ်တပ်သည် ယူကရိန်းစစ်တပ်မှ ကွပ်ကဲရေးဌာန၊ ဝန်ထမ်းများနှင့် လက်နက် စက်ပစ္စည်းများကို တိုက်ခိုက်ပြီး Kherson နှင့် Donetsk ဒေသများတွင် ယူကရိန်းစစ်တပ်မှ ခဲယမ်းမီးကျောက် သိုလှောင်ရုံများကို တိုက်ခိုက် ခဲ့ကြောင်း၊ ရုရှား လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့သည် Donetsk၊ Kherson နှင့် Kharkiv ဒေသများတွင် ယူကရိန်း မောင်းသူမဲ့လေယာဉ် အများအပြားကို ပစ်ချခဲ့ပြီး Haimas အပါအဝင် ဒုံးကျည်များကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ၂၂ ရက်နေ့က ကြေညာသည်။

ရုရှားစစ်တပ်သည် Kharkiv၊ Slavyansk နှင့် Kramatorsk စသည့်ဒေသများတွင် ထိုးစစ်ဆင်ပြီး ယူကရိန်းစစ်တပ်သည် Bakhmut အစရှိသော ဒေသများတွင် ရုရှား၏ တိုက်ခိုက်မှုကို တွန်းလှန်တိုက်ဖျက်ကြောင်း၊ ရုရှားစစ်တပ်သည် Donetskဒေသကို အပြည့်အဝ ထိန်းချုပ်ရန် ဆက်လက်ဆောင်ရွက်ပြီး Kherson အစရှိသော ဒေသများကို ဆက်လက် ထိန်းချုပ်နေကြောင်း ယူကရိန်းစစ်တပ် စစ်ဦးစီးဌာနချုပ်မှ ၂၂ ရက်နေ့က ကြေညာသည်။