Zaporozhyeနျူကလီးယားလျှပ်စစ်ဓာတ်အားပေးစက်ရုံအခြေအနေနှင့်ပတ်သက်ပြီးကုလသမဂ္ဂ လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပ

(GMT+08:00)2022-08-23 15:14:32  

ရုရှားနိုင်ငံကိုယ်စားလှယ်အဖွဲ့ကလျှောက်လွှာတင်ပြီးကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ယခုလ ၂၃ရက်နေ့ ညနေပိုင်းတွင် Zaporozhye နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံအခြေအနေနှင့်ပတ်သက်သောအစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း ဒေသစံတော်ချိန် သြဂုတ်လ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီကဆုံးဖြတ်ခဲ့ပါသည်။

ရုရှားနှင့် ယူကရိန်းတို့သည်Zaporozhye နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အပြန်အလှန် ပြစ်တင်ကြပြီး ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို Zaporozhye နျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ အမြန်ဆုံး စေလွှတ်ပြီး အခြေအနေကို စစ်ဆေးရန် နိုင်ငံတကာအနုမြူစွမ်းအင်အဖွဲ့အား တောင်းဆိုခဲ့ကြပါသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က Zaporozhye နျူကလီးယားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို တိုက်ခိုက်ခြင်းသည် မိမိကိုယ်ကိုသတ်သေမှု ဖြစ်သည်ဟုပြောဆိုခဲ့ပြီး ယင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံကို စစ်မဲ့ ဖြစ်အောင် ဘက်အသီးသီးတို့အားပန်ကြားခဲ့ပါသည်။