ဂျာမနီ စီးပွားရေးသည် ဆုတ်ယုတ်နိုင်ဖွယ်ရာရှိသည်ဟု ဂျာမနီ ဗဟိုဘဏ်ဆို

(GMT+08:00)2022-08-23 19:18:36  

ဒေသ စံတော်ချိန် ယခုလ ၂၂ ရက်နေ့က ဂျာမနီ ဗဟိုဘဏ်မှ ထုတ်ပြန်သော လစဉ် အစီရင်ခံစာတွင် ဂျာမနီ စီးပွားရေးသည် ယခုနှစ် ဆောင်းရာသီ ဆုတ်ယုတ်နိုင်ဖွယ်ရာရှိကြောင်း၊ ၅လဆက်တိုက် ၇ ရာခိုင်နှုန်း အထက်ရှိခဲ့သော ငွေကြေးဖောင်းပွမှုသည် ဆောင်းဦးတွင် ၁၀ရာခိုင်နှုန်း အထိ ဖြစ်နိုင်ဖွယ်ရှိကြောင်း ဖော်ပြသည်။

မြင့်မားသောစွမ်းအင်ဈေးနှုန်းသည် ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားခြင်း၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း၊ စွမ်းအင်အကျပ်အတည်း ပိုမိုဆိုးရွားလာခြင်းကြောင့် ဝယ်လိုအား သိသိသာသာ လျော့ကျသွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် လုပ်အား ရှားပါးမှု ကဲ့သို့သော ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများသည်လည်း ငွေကြေးဖောင်းပွမှုကို မြင့်မားစေနိုင်ကြောင်း သိရသည်။