တပ်မတော်အတွက် မောင်းသူမဲ့လေယာဉ် ဝယ်ယူရန် ယူကရိန်းသည် ငွေ Hryvnia ၈၅၅ သန်းကို စုဆောင်း

(GMT+08:00)2022-08-23 19:11:36  

 ယူကရိန်းနိုင်ငံ ဒုဝန်ကြီးချုပ်၊ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေး ဝန်ကြီး Fedorov က ယူကရိန်းသည် United24 လှူဒါန်းမှု ပလက်ဖေါင်းမှတစ်ဆင့် “မောင်းသူမဲ့လေယာဉ်တပ်ဖွဲ့” လုပ်ငန်းကို စတင်လည်ပတ်ပြီဖြစ်ပြီး ငွေ Hryvnia ၈၅၅သန်း (အမေရိကန်ဒေါ်လာ ၂၃.၇၅သန်း) ကို စုဆောင်းကာ တပ်မတော်အတွက် မောင်းသူမဲ့လေယာဉ်ဝယ်ယူရန် ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ မောင်းသူမဲ့လေယာဉ် ၄၇၂ စင်းကို လက်ခံရရှိပြီဖြစ်၍ ၎င်းအနက် အချို့ကို ရှေ့တန်း စစ်မျက်နှာတွင် အသုံးပြုပြီဖြစ်ကြောင်း သြဂုတ်လ ၂၂ရက်နေ့က ပြောကြားခဲ့သည်ဟု ယူကရိန်း နိုင်ငံတော်သတင်းဌာနမှ သတင်းအရ သိရပါသည်။