Odessa ဒေသတွင် ရုရှားသည် ပင်လယ်အခြေစိုက် Caliber ခရုဇ် ဒုံးကျည်များကို အသုံးပြုပြီး အမေရိကန်ထုတ် ဟိုင်မက်စ် ဒုံးကျည်များနှင့် အနောက်နိုင်ငံများထုတ် လေယာဉ်ပစ် ဒုံးကျည်များ သိုလှောင်ထားသော ယူကရိန်း ခဲယမ်းမီးကျောက်သိုလှောင်ရုံတစ်ခုကို ဖြိုခွင်းခဲ့ကြောင်း၊ Zaporozhye ဒေသတွင် ရုရှားလေကြောင်းနှင့် အာကာသတပ်ဖွဲ့မှ လေယာဉ်များသည် ယူကရိန်းတပ်မတော် အမှတ်၁၀၂ နယ်မြေကာကွယ်ရေး ပရီဂိတ်တပ်၏ လောင်စာသိုလှောင်ရုံ တစ်ခုကို ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် ရုရှား အမြောက်တပ်သည် Kherson ဒေသရှိ အမေရိကန်ထုတ် M777 ဟောင်ဝစ်ဇာ နှစ်လုံးကိုလည်း ဖျက်ဆီးခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနမှ ၂၁ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ယူကရိန်းစစ်တပ်သည် Donetsk ဒေသရှိ Slavyansk ၊ Bakhmut နှင့် Avdeyevka စသည့် လမ်းကြောင်းများတွင် ရုရှား၏ ထိုးစစ်ဆင် တိုက်ခိုက်မှုကို တွန်းလှန်တိုက်ဖျက်ပစ်ခဲ့ကြောင်း ယူကရိန်း တပ်မတော် စစ်ဦးစီးအရာရှိချုပ်ရုံးမှ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်ဟု ယူကရိန်း မီဒီယာက ဖော်ပြသည်။ ရုရှားစစ်တပ်သည် ပင်လယ်နက်တွင် ၎င်း၏ စစ်ရေးအင်အားကို တိုးမြှင့်ထားကြောင်း၊ Caliber ခရုဇ်ဒုံးကျည် တပ်ဆင်ထားသည့် ရုရှားရေတပ်သင်္ဘောအရေအတွက်သည် ယခင်က နှစ်စင်းရှိရာမှ ငါးစင်းအထိ တိုးလာကြောင်း ယူကရိန်းဘက်မှ ပြောကြားခဲ့သည်။