ဒေသစံတော်ချိန် သြဂုတ်လ ၂၂ ရက်နေ့တွင် တောင်ကိုရီးယားနှင့် အမေရိကန် နှစ်နိုင်ငံ တပ်မတော်တို့သည် “Ulchi Freedom Shield” ဟု အမည်ပေးထားသည့် ပူးတွဲစစ်ရေးလေ့ကျင့်ပွဲကို စတင်ပြုလုပ်ခဲ့ကြောင်း၊ ယင်း စစ်ရေးလေ့ကျင့်ပွဲသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ နှစ်စဉ် ပုံမှန် ပူးတွဲစစ်ရေးလေ့ကျင့်ပွဲ (၃)ခုအနက် တစ်ခုဖြစ်ပြီး (၁၁)ရက် ကြာမြင့်မည်ဖြစ်ကာ စက်တင်ဘာလ ၁ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ကြောင်း၊ ယင်းသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့ ၂၀၁၈ခုနှစ်က တပ်ရင်းကြီးအဆင့်ထက် အဆင့်ပိုမြင့်သည့် ပူးတွဲစစ်ရေးလေ့ကျင့်ပွဲကို ဆိုင်းငံ့ထား ပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ကျင်းပခြင်းဖြစ်ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။
တောင်ကိုရီးယားနှင့် ကန်တို့သည် အတိုင်းအတာကြီးမားသော ပူးတွဲစစ်ရေးလေ့ကျင့်ပွဲကို စတင်ပြုလုပ်
(GMT+08:00)2022-08-22 14:00:46