မြန်မာနိုင်ငံ ရန်ကုန် အင်းစိန်ထောင်အနီး ပေါက်ကွဲမှုဖြစ်ပွား

(GMT+08:00)2022-08-22 12:27:05  

ဒေသစံတော်ချိန် သြဂုတ်လ ၂၂ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်တွင် မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီး အင်းစိန် အကျဉ်းထောင် ဂိတ်ဝရှေ့နှင့် ဝန်ထမ်းအိမ်ရာအနီးတွင် ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့ပါသည်။ လက်ရှိအချိန်အထိ အသေအပျောက် သတင်း မရှိသေးကြောင်း၊ အဆိုပါ ပေါက်ကွဲမှုအတွက် မည်သည့်အဖွဲ့အစည်းကမှ တာဝန်ယူသည်ဟု ထုတ်ဖော်ပြောကြားခြင်း မရှိသေးကြောင်း China Media Group မှ သတင်းအရသိရပါသည်။