ကမ္ဘောဒီးယားရှိ ထိုင်ဝမ်မွေးချင်းပေါက်ဖော်များ အခက်အခဲရှိလျှင် တရုတ်သံရုံးထံသို့ အကူအညီတောင်း၍ ရသည်ဟု ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးဆို

(GMT+08:00)2022-08-22 14:18:33  

သြဂုတ်လ ၂၀ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်ဝမ် မွေးချင်းပေါက်ဖော်များထံသို့ အိတ်ဖွင့်စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။ မကြာမီက မီဒီယာများသည် ကမ္ဘောဒီးယားနိုင်ငံရှိ ထိုင်ဝမ် မွေးချင်းပေါက်ဖော်များ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု ကန့်သတ်ချုပ်ခြယ်ခြင်း ခံခဲ့ရပြီး အွန်လိုင်း လောင်းကစားမှုနှင့် တယ်လီဖုန်း လိမ်လည်မှု စသည်တို့ကို အတင်းအဓ္ဓ လုပ်ခိုင်းကာ အချိန်မီ အကူအညီတောင်းပြီး အမြန်ဆုံး အလွတ်ရုန်းရန် မျှော်လင့်သည်ဟု ရေးသား ဖော်ပြခဲ့ကြကြောင်း၊ ထိုင်ဝမ် မွေးချင်းပေါက်ဖော်များသည် တရုတ် နိုင်ငံသား ဖြစ်သဖြင့် အခက်အခဲရှိလျှင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံသို့ အကူအညီတောင်း၍ ရကြောင်း ၄င်းအိတ်ဖွင့်စာတွင် ဖော်ပြထားပါသည်။