အာဖဂန် လူဂယ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားရာ လူ ၂၀ ဦး ထက်မနည်း သေဆုံး

(GMT+08:00)2022-08-22 14:34:56  

လွန်ခဲ့သည့်ရက်များတွင် အာဖဂန် အရှေ့ပိုင်းဒေသ လူဂယ် ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားရာ လူ ၂၀ ဦး ထက်မနည်း သေဆုံးပြီး အိမ်ခြေ ၃၀၀၀ ကျော် ပျက်စီးကာ လယ်ကွင်း ဟက်တာ ၂၀၀၀ ကျော် ရေမြုပ်သွားပြီ အိမ်မွေး တိရစ္ဆာန် ထောင်ပေါင်းများစွာ သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

လက်ရှိတွင် ဒေသခံ ဘေးသင့်သူများအား ရွှေ့ပြောင်းရေးလုပ်ငန်းများကို လုပ်ဆောင် နေဆဲ ဖြစ်ပါသည်။ လာမည့်ရက်များအတွင်း အာဖဂန်နိုင်ငံ ဒေသအများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် ရေကြီးရေလျှံမှု ဆက်လက် ဖြစ်ပွားနိုင်မည်ဟု ခန့်မှန်းရကြောင်း အာဖဂန် မိုးလေဝသဌာနက ဖော်ပြပါသည်။