ပန်ဒါများက ပန်ဒါဝတ်စုံ ၀တ်ဆင်ထားသော လူသားကို ခွဲခြားနိုင်ပါသလား

(GMT+08:00)2022-08-22 12:30:15  

မကြာသေးမီက ပန်ဒါဝတ်စုံကို ဝတ်ဆင်ထားသော ဝန်ထမ်းများမှ ပန်ဒါဝက်ဝံပေါက် ကလေးများကို ပြုစုစောင့်ရှောက်ပေးနေတဲ့ဓာတ်ပုံများအပေါ် ဆွေးနွေးမှုများ အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ လူသားများကို အားကိုးခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ဝန်ထမ်းများက ပန်ဒါဝတ်စုံကို ၀တ်ဆင်ခြင်း ဖြစ်ကြောင်း၊ ပန်ဒါပေါက်ကလေးများကို အနာဂတ်တွင် တောထဲသို့ လွှတ်လိုက်သောအခါ လူသားများကို မချဉ်းကပ်ဘဲ ရှောင်ရှားကြမည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။ ပန်ဒါများက ပန်ဒါဝတ်စုံ ဝတ်ထားသူ လူလား ပန်ဒါလား ဆိုတာ ခွဲခြားနိုင်သလား ဆိုတာကိုတော့ အခုအချိန်အထိ သုတေသန မလုပ်ရသေးပေ။ ပန်ဒါတွေက "ပန်ဒါလူ" ကို ကြောက်သလား မသိပေမယ့် မိမိတို့ကတော့ အရမ်းကြောက်တယ်ဟု အင်တာနက်တွင် ယင်းဓါတ်ပုံများကို တွေ့ခဲ့သူများက ဆိုခဲ့သည်။