ယီမင်နိုင်ငံ၌ မိုးကြိုးပစ်၍ လူ၁၃ ဦး သေဆုံး

(GMT+08:00)2022-08-22 15:32:48  

ဒေသစံတော်ချိန် ၂၀ ရက်နေ့ ညပိုင်းကနေ ၂၁ ရက်နေ့ နေ့ခင်းပိုင်းအထိ ယီမင်နိုင်ငံ၌ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းခဲ့ပြီး မိုးကြိုးပစ်မှုများ ဖြစ်ပွားခဲ့ရာ လူ ၁၃ ဦးသေဆုံးပြီး ၂၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ယီမင်နိုင်ငံတွင် ဇူလိုင်လအလယ်ပိုင်းမှစပြီး ၁ လခန့်အတွင်း ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးမှု၊ ရွှံ့မြေပြိုကျမှု၊ မိုးကြိုးပစ်မှု စသည့် သဘာဝ ဘေးအန္တရာယ်များကြောင့် သေကျေဒဏ်ရာရရှိမှုနှင့် ဓနဥစ္စာဆုံးရှုံးမှု များစွာ ဖြစ်ပေါ်စေခဲ့သည်။ ဒေသခံ မိုးလေဝသဌာနမှ သတင်းအရ လာမည့် ၂၄ နာရီအတွင်း ယီမင်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မိုးကြိုးပစ်မှုများ ဆက်လက် ဖြစ်ပေါ်မည် ဖြစ်ကြောင်း သတင်းအရ သိရပါသည်။