ချုံချင့်မြို့၏ တောင်ပေါ်တွင် မီးလောင်မှု များစွာ ဖြစ်ပွား

(GMT+08:00)2022-08-22 14:29:11  

သြဂုတ်လ ၁၈ ရက်နေ့မှစ၍ ရာသီဥတု ပူပြင်းမှုနှင့် မိုးခေါင်ခြင်းတို့ကြောင့် ချုံချင့်မြို့ ကျန်းကျင်း၊ တာ့ဇို၊ ထွန်လျန်နှင့် ပါးနန် စသော ဒေသများတွင် တောမီးလောင်မှုများ ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားပြီး အစိုးရမှ အစွမ်းကုန် မီးငြှိမ်းသတ်မှုကြောင့် မီးအရှိန်ကို ထိန်းချုပ်နိုင်ခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူ မရှိဟု ချုံချင့်မြို့ ကွန်မြူနစ်ပါတီ ကော်မတီ ပြန်ကြားရေးဌာနက ဖော်ပြသည်။