အမေရိကန်သည် လမ်းမှားသို့ ဦးတည်နေသည်ဟု မဲဆန္ဒရှင် လေးပုံသုံးပုံနီးပါး ယူဆကြကြောင်း ကန်စစ်တမ်းကောက်ယူမှု ဖော်ပြ

(GMT+08:00)2022-08-22 13:59:48  

ဒေသစံတော်ချိန် ၂၁ ရက်နေ့က NBCသတင်းမှ ထုတ်ပြန်သည့် နောက်ဆုံးစစ်တမ်းကောက်ယူမှု ရလဒ်အရ စစ်တမ်းတွင် ပါဝင်ကြသည့် မဲဆန္ဒရှင် လေးပုံသုံးပုံနီးပါးက အမေရိကန်သည် မှားယွင်းသော ဦးတည်ချက်သို့ သွားနေသည်ဟု ယူဆကြကြောင်း သိရသည်။

မဲဆန္ဒရှင် ၂၁ ရာခိုင်နှုန်းကသာ တိုင်းပြည်သည် မှန်ကန်သော လမ်းကြောင်းပေါ် ဦးတည် လျှောက်လှမ်းနေသည်ဟု ယူဆကြပြီး ၇၄ ရာခိုင်နှုန်းက ဆန့်ကျင်ဘက်အမြင်ကို စွဲကိုင်ထားကြောင်း၊ စစ်တမ်းတွင် မဲဆန္ဒရှင် ၄၈ ရာခိုင်နှုန်းသည် သမ္မတ ဘိုင်ဒင်အပေါ် “အဆိုးမြင်” သို့မဟုတ် “အလွန် အနုတ်လက္ခဏာ” သဘောထားများ ရှိနေကြကြောင်း စစ်တမ်းက ဖော်ပြသည်။