ကရင်ပြည်နယ်တွင် ဓာတ်အားပေး တာဝါတိုင် ၂ ခုအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးသဖြင့် နေရာအများအပြားမှာ ဓာတ်အား ပြတ်တောက်မှုဖြစ်ပေါ်

(GMT+08:00)2022-08-22 12:24:23  


ဒေသစံတော်ချိန် ယခုလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြန်မာနိုင်ငံ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ၂၂၀ kV ဓာတ်အားပေး တာဝါတိုင် ၂ ခုအား အတိုက်အခံ လက်နက်ကိုင်အဖွဲ့ဝင်များက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးသဖြင့် ကရင်ပြည်နယ်ရှိ ကော့ကရိတ်နဲ့ ကြာအင်းဆိပ်ကြီးတွင် ဓာတ်အားပြတ်တောက်လျက်ရှိကြောင်း သိရှိရပါသည်။

လက်ရှိတွင် လုံခြုံရေးတပ်ဖွဲ့များ၏ အကာအကွယ်အောက်တွင် အင်ဂျင်နီယာများသည် အရေးပေါ် ပြုပြင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။