မြန်မာနိုင်ငံသည် ရုရှားမှ ရေနံ တင်သွင်းမည်ဟု ပြည်ပမီဒီယာ ဖေါ်ပြ

(GMT+08:00)2022-08-21 15:31:02  

မြန်မာနိုင်ငံသည် ရုရှားမှ ဓါတ်ဆီနှင့် လောင်စာဆီများကို တင်သွင်းပြီး ဤသို့ဖြင့် ထောက်ပံ့ခြင်း မလုံလောက်မှုနှင့် ဈေးနှုန်း မြင့်တက်မှုကို လျှော့ချမည် ဖြစ်ကြောင်း စင်္ကာပူ လျန်ဟိုကျော်ပို သတင်းစာ ဝက်ဘဆိုက်တွင် ရိုက်တာသတင်းကို ကိုးကားပြီး ဖေါ်ပြခဲ့သည်။

မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်မင်းထွန်းက မိမိတို့သည် ရုရှားမှ ဓါတ်ဆီ တင်သွင်းရန် ခွင့်ပြုချက်ကို ရရှိပြီ ဖြစ်ကြောင်း၊ အစိုးရသည် ၄င်း၏ အရည်အသွေးကောင်းမွန်ခြင်းနှင့် စရိတ် သက်သာခြင်းကြောင့် ဤသို့ ရွေးချယ်ခြင်း ဖြစ်ကြောင်း  ၁၇ ရက်န့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဦးဇော်မင်းထွန်းက မြန်မာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင်လ ရုရှားခရီးစဉ်တွင် ရုရှားနှင့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ရောင်းဝယ်မှု အကြောင်းကို ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။