လေ့ရှန်းတောင် ကျောက်ရုပ်ပွားတော် တစ်ခုလုံး မြင်ရ

(GMT+08:00)2022-08-21 15:29:04  

ဆက်တိုက် အပူချိန်မြင့်မားမှုနှင့် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် လေ့ရှန်းမြို့ရှိ တာ့တူ့မြစ်၊ ချင်ယီမြစ်နှင့် မင်မြစ်တို့၏ ရေးစီးဆင်းမှု သိသိသာသာ လျော့ကျသွားသဖြင့် လေ့ရှန်းတောင် ကျောက်ရုပ်ပွားတော် တစ်ခုလုံးသည် ရေမျက်နှာပြင်အထက် ပေါ်လာပြီး ခရီးသည် အမြောက်အမြားကို ဆွဲဆောင်လျက်ရှိသည်။ မျက်မှောက်အချိန်တွင် လေ့ရှန်းတောင် ကျောက်ရုပ်ပွားတော်တည်ရှိသည့် ပလက်ဖေါင်း ရေမျက်နှာပြင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၃၅၄ မီတာခန့်သာရှိပြီး ယမန်နှစ် သြဂုတ်လ ကာလတူ ပုံမှန်ရေမျက်နှာပြင်ထက် ၂ မီတာခန့် နိမ့်ကျကြောင်းသတင်းအရသိရပါသည်။